Exam Prep

TKT Exam Study Group

February 2025

TKT Exam စာမေးပွဲ ဖြေကြမယ့် ဆရာဆရာမတို့အတွက် သတင်းကောင်းလေး ရှိပါတယ်။

TKT Exam ဖြေမယ့် ဆရာ၊ဆရာမများ၊ Self -study လုပ်နေသော ဆရာ၊ဆရာမများအတွက် စာအတူလုပ်ဖို့ Study plan နဲ့ Exam Preparation အတွက် ၇ပတ်တာ လေ့ကျင့်သွားမယ့် Study Group လေးကို မိတ်ဆက်ပေးပါရစေ။

ဒီ Study Group ဟာ TKT Course သင်တန်းမဟုတ်ပဲ Exam အတွက် ပြင်ဆင်ရင်းစာအတူတူလုပ်ကြမယ့် အစီအစဉ်လေးဖြစ်ပါတယ်နော်။ 

Study Group လေးက အခကြေးငွေ ပေးစရာ မလိုဘဲ Free of charge ဖြစ်ပါတယ်။ 

TKT Study Group အကြောင်း 

TKT Exam ဖြေဖို့ရည်ရွယ်ထားသောဆရာ ဆရာမများ၊ self -study လုပ်နေသော ဆရာ၊ဆရာမများအတွက် ရည်ရွယ်ပါတယ်။ 

Week တစ်ခုချင်းစီ တစ်ရက်ချင်းစီကို practice လုပ်မယ့် Study Plan fixed ရှိပြီးသားဖြစ်တဲ့အတွက် အတူတူစာလိုက်လုပ်ဖို့သာလိုအပ်ပါတယ်။ 

စာပြန်သင်တာမျိုးမဟုတ်ပဲ practice လုပ်မှာ၊ ဆွေးနွေးကြမှာဖြစ်ဖို့ Study plan အတိုင်း module တွေကို ကိုယ်တိုင် စာပြန်လေ့လာဖို့တော့ လိုအပ်ပါတယ်။

အတန်းမတက်မီ သင်ခန်းစာများကို ကြိုတင်ဖတ်ရှူထားရန် လိုအပ်ပါတယ်နော်။

တစ်ပတ်ချင်းစီမှာ ဦးဆောင်ပေးမယ့် lead facilitator အပြင် စာဆွေးနွေးလိုရမယ့် facilitator နှစ်ယောက်လဲ ရှိနေပါမယ်။ 

Telegram Group လဲ ဖွဲ့ပေးထားမှာ ဖြစ်ပြီး Study partners များနဲ့ အတူတူ practice လုပ်လို့ရမှာဖြစ်ပါတယ်။ 

ဒီ TKT Study Group လေးကို Join ချင်တယ်ဆို ဒီ link လေးမှာ Registerလုပ်လို့ရပါတယ်ရှင်။ Telegram link လေးကိုလဲ Form မှာပဲ ပေးထားပါတယ်နော်။ 

Photo 1